Powered by Blogger.
RSS

A2100 (Lockheed Martin)

ပါဝင်သည့် အစိတ်အပိုင်းများ ရိုးရှင်းခြင်း ၊ ပတ်လမ်းအတွင်း ယုံကြည်စိတ်ချရမှု (on-orbit reliability) မြင့်မားခြင်းစည့် အချက်များသည် A2100 sateliite bus ဒီဇိုင်း၏ အားသာချက်များ ဖြစ်သည်။ A2100 bus ၏ ထုတ်လုပ်နိုင်သော လျှပ်စစ် ပါဝါမှာ ၁၅ ကီလိုဝပ် အထိရှိသည်။ Lockheed Martin ကုမ္ပဏီသည် အဆိုပါ A2100 bus အား မှာယူသည့်နေ့မှ (၁၈) လအတွင်း ပြုလုပ်ပေးနိုင်သည်။

A2100 series ကို အောက်ပါအတိုင်း အမျိုးအစား (၄) မျိုးခွဲခြားထားသည်။

(၁) A2100A – 1 to 4 kW

(၂) A2100AX – 4 to 15 kW

(၃) A2100AX အမျိုးအစားအား အဆင့်မြှင့်တင်ထားသော A2100AXS

(၄) Mobile communications လုပ်ငန်းစဉ်များအတွက် A2100AXX

စစ်ဖက်ဆိုင်ရာ ဂြိုဟ်တုများအတွက် A2100M ဒီဇိုင်းကိုလည်း ပြုလုပ်ပေးနိုင်သည်။

A2100 satellite bus အား အသုံးပြုထားသည့် ဂြိုဟ်တုတစ်ခုမှာ Vinasat-1 ဂြိုဟ်တုဖြစ်သည်။ ၂၀၀၆ ခုနှစ် မေလ ၁၂ ရက်၌ လက်မှတ်ထိုးခဲ့သော သဘောတူစာချုပ်အရ Lockheed Martin Commercial Space Systems ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံ၏ ဂြိုဟ်တုစီမံကိန်း တစ်ခုလုံးအား ထုတ်လုပ်မှုအဆင့်မှ လွှတ်တင်ခြင်းအဆင့်သို့ ရောက်ရှိသည့်တိုင်အောင် တာဝန်ယူခဲ့သည်။ Lockheed Martin ကုမ္ပဏီနှင့် ဂြိုဟ်တု တည်ဆောက်ခြင်းအတွက် ဒေါ်လာ ၁၆၈ သန်း တန်ဖိုးရှိ စာချုပ်ချုပ်ဆိုခဲ့သည်။ အဆိုပါ ဂြိုဟ်တုအား ၂၀၀၈ ခုနှစ် ဧပြီလ ၁၈ ရက်တွင် Ariane 5 လွှတ်တင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ထပ်မံ၍ Lockheed Martin ကုမ္ပဏီဖြင့်ပင် စာချုပ်ကာ Vinasat-2 ဂြိုဟ်တုအား ၂၀၁၂ ခုနှစ်တွင် လွှတ်တင်မည် ဖြစ်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...