Powered by Blogger.
RSS

GEORING နှင့် မိတ်ဆက်ခြင်း

GEORING ဆိုသည်မှာ HERMES ဟု အမည်ရသော ပတ်လမ်းအတွင်း ၀န်ဆောင်မှုပေးခြင်းစနစ် (On-Orbit Servicing System) ၏ ရှေ့ပြေးအစီအစဉ် ဖြစ်သည်။ ဥရောပတွင် ပတ်လမ်းအတွင်း ၀န်ဆောင်မှုပေးခြင်းစက်မှုလုပ်ငန်း (On-Orbit Servicing Industry) ၏ အစကနဦးအစီအစဉ် အဖြစ်လည်း ရည်ရွယ်ထားသည်။ GEORING အား ပတ်လမ်းအတွင်း ၀န်ဆောင်မှု လုံလောက်စွာပေးနိုင်ရန် element system (၅) ခုဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါ ၀န်ဆောင်မှုများမှ တစ်ချို့သည် လက်ရှိဂြိုဟ်တုများအတွက်ဖြစ်ပြီး အနာဂတ်ဂြိုဟ်တုများအတွက်ပါ ၀န်ဆောင်မှု လုံလောက်စွာပြုလုပ်နိုင်ရန် ဆောင်ရွက်ထားသည်။ HERMES ပတ်လမ်းအတွင်း ၀န်ဆောင်မှုစနစ်၏ အဓိက element များမှာ အောက်ပါအတိုင်းဖြစ်သည်_

(၁) လောင်စာဆီများကို သိုလှောင်သိမ်းဆည်းထားနိုင်သော HERMES tanker အာကာသယာဉ်၊

(၂) Tanker အာကာသယာဉ်မှ သတ်မှတ်ထားသော ဂြိုဟ်တုဆီသို့ သွားရောက်နိုင်သော catcher-transporter အာကာသယာဉ်၊

(၃) ချိတ်ဆက်ခြင်း လုပ်ငန်းစဉ်များ (docking operations) အတွင်း ချိတ်ဆက်မည့် ဂြိုဟ်တု (target satellite) ကို စစ်ဆေးမည့် inspector အာကာသယာဉ်၊

(၄) Engine-Module (အမည်အားဖြင့် KINITRON) ဟုခေါ်ဝေါ်ကာ အသေးစား အာကာသယာဉ်တစ်ခုဖြစ်ပြီး ဂြိုဟ်တုဟောင်းများ၏ ပုံမှန်တည်နေရာ ထိန်းသိမ်းခြင်းလုပ်ငန်း (Station Keeping) ကို လုပ်ဆောင်သည်။

(၅) Apogee သို့သွားရောက်ရန် အထူးပြုလုပ်ထားသော ဒုံးပျံစက်များ (Special Apogee Kick Motor) သည် ဂြိုဟ်တုများကို ပို့ဆောင်ရာ၌ မြင့်မားသော တွန်းကန်အား (high thrust) အားအလိုရှိသည့် mission များတွင် အသုံးပြုသည်။

ဂရိနတ်ဘုရားတစ်ပါး၏ အမည်ကိုယူထားသော HERMES စီမံကိန်းကို ကုမ္ပဏီများ စုပေါင်းဖွဲ့စည်းထားသော အဖွဲ့တစ်ခုမှ ပြုလုပ်နေသည်။ အဆိုပါ အဖွဲ့တွင် ဥရောပ၏ အဓိက အာကာသ ကုမ္ပဏီများ ပါဝင်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...