Powered by Blogger.
RSS

Endeavour အာကာသလွန်းပျံယာဉ် နောက်ဆုံးခရီးစဉ်

နောက်ဆုံးခရီးစဉ်အဖြစ် အာကာသအတွင်းသို့ ထွက်ခွာပျံသန်းသွားသည့် Endeavour အာကာသလွန်းပျံယာဉ်အား တွေ့ရစဉ်။ ယခုခရီးစဉ်အပြီးတွင် Endeavour အာကာသလွန်းပျံယာဉ်ကို ပျံသန်းမှု အနားပေးမည်ဖြစ်ပြီး ပြတိုက်တွင် ထိန်းသိမ်းပြသသွားမည် ဖြစ်သည်။ (မေ ၁၆)

ပြီးခဲ့သည့် နှစ်ပါတ်အကြာက ပြဿနာအချို့ကြောင့် ပျံသန်းရေးဆိုင်းငံ့ခဲ့ရသော နာဆာအဖွဲ့၏ Endeavour လွန်းပျံယဉ်သည် ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် မေလ ၁၆ ရက် နံနက်ပိုင်းတွင် ၎င်း၏ နောက်ဆုံးအာကာသခရီးစဉ်ကို စတင်ထွက်ခွာနိုင်ပြီ ဖြစ်သည်။ Endeavour လွန်းပျံယာဉ်နှင့်အတူ အာကာသယဉ်မှူးခြောက်ဦး လိုက်ပါသွားကြောင်း သိရသည်။ ယခုပျံသန်းသည့် အာကာသခရီးစဉ်အပြီးတွင် Endeavour အာကာသလွန်းပျံယာဉ်ကို လော့စ်အိန်ဂျလိ ပြတိုက်တွင် သိမ်းဆည်း ပြသထားမည် ဖြစ်သည်။

၁၆ ရက်ကြာမြင့်မည့် ခရီးစဉ်အတွင်း နိုင်ငံတကာအာကာသစခန်းတွင် ဒေါ်လာ ၂ ဘီလျံကုန်ကျမည့် စမ်းသပ်ချက်များကို ပြုလုပ်သွားမည် ဖြစ်သည်။ Endeavour သည် နာဆာမှ လွှတ်တင်သော လွန်းပျံယဉ်များအနက် အသေးစားမျှသာဖြစ်ပြီး Challenger အာကာသလွန်းပျံယာဉ်အစား ဆောက်လုပ်ထားခြင်း ဖြစ်သည်။ Challenger အာကာသလွန်းပျံယာဉ်မှာ ၁၉၈၆ ခုနှစ်က လွှတ်တင်ရာတွင် မတော်တဆ ပျက်ကျခဲ့သည်။ တနင်္လာနေ့တွင် လွှတ်တင်သည့် Endeavour ၏ နောက်ဆုံး အာကာသခရီးစဉ်ကို ကနေဒီ အာကာသစခန်းမှ အဖွဲ့များသာမက လာရောက်ကြည့်ရှုသူ ၄၅၀၀၀ ထက်မနည်း စောင့်ကြည့်ခဲ့ကြသည်။ Endeavour အာကာသလွန်းပျံယာဉ်နှင့်အတူ လိုက်ပါမည့် အာကာသယာဉ်မှူများအား ပြီးခဲ့သည့် သောကြာနေ့ ညနေပိုင်းက အမေရိကန်သမ္မတ အိုဘားမားနှင့် မိသားစုက လာရောက်တွေ့ဆုံခဲ့သေးကြောင်း သိရသည်။

endeavour

endeavour

endeavour

endeavour

endeavour

endeavour

endeavour

endeavour

endeavour

endeavour


Credit: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...