ကာလီဖိုးနီးယား တက္ကသိုလ်မှ အာကာသ သိပ္ပံပညာရှင်များက ကမ္ဘာနှင့်တူသော ဂြိုဟ် ၈၆ လုံးတွင် သက်ရှိ ဂြိုဟ်သားများ ရှိ-မရှိ စုံစမ်း ထောက်လှမ်းရန် ရေဒီယို တယ်လီစကုပ်ဖြင့် ရှာဖွေကြမည်။ မေလ ၈ ရက် စနေနေ့မှစတင်ပြီး ကမ္ဘာ့အကြီးဆုံး Robert C.Byrd Green Bank Telescope ရေဒီယို တယ်လီစကုပ်ဖြင့် ဂြိုဟ်သား ရှိနိုင်မည့် ကြယ်များကို ၈ လုံးလျှင် တနာရီ နှုန်းဖြင့် ရှာဖွေကြမည်ဆိုသည်။
အလွန့်အလွန် ကြီးမား ကျယ်ပြန့်လှသည့် စက်ဝိုင်းပြားကြီးဖြင့် ဂြိုဟ်တိုင်းကို ၂၄ နာရီပတ်လုံး ကြည့်ရှုနေမည်။ နာဆာ၏ Kepler space telescope အာကာသ တယ်လီစကုပ်ဖြင့် မှတ်တမ်း တင်ထားသည့် ဂြိုဟ် ၁၂၃၅ လုံးထဲမှ ရွေးချယ်ထားခြင်းဖြစ်သည်။
“ဂြိုဟ်တိုင်းမှာတော့ သက်ရှိတွေ နေထိုင်ဖို့ဆိုတာ မသေချာပါဘူး။ ဒါပေမဲ့ အီးတီ (ဂြိုဟ်သား) တွေကိုတော့ ရှာကြည့်သင့်တဲ့ နေရာတွေပါ။” ဘွဲ့လွန်ကျောင်းသား အန်ဒရူးဆီမွန်းကဆို၏။ Green Bank တယ်လီစကုပ်ဖြင့ပ် Keplar က လေ့လာထားသည့် သက်ရှိနေထိုင်မည်ဟု ယူဆထားသည့် ကြယ်များကို ငါးမိနစ်တာမျှ ကြည့်ရှုသွားမည်ဖြစ်ပြီး ယင်းကြယ် မျက်နှာပြင်တွင် ရေမှာ အရည်ပုံစံဖြင့် ရှိနေနိုင်သည့်အတွက် ရွေးချယ်ထားခြင်းဖြစ်သည်။
“အပူချိန် အဆင်ပြေတဲ့ ဂြိုဟ်တွေကို ရွေးချယ်ထားတာပါ။ သုညဒီဂရီ နဲ့ ၁၀၀ ဒီဂရီ စင်တီဂရိတ် အတွင်းပေါ့။ ဒီအတွင်းမှာသာ သက်ရှိတွေ နေနိုင်တယ်လေ။” ရူပဗေဒ ပညာရှင် ဒန်ဝါသီမာက ဆိုသည်။ ကြယ်များကို ဖတ်ရှု လေ့လာပြီးသည့်အခါဝယ် ကပ်ပလာဧရိယာ တစ်ခုလုံးကိုလည်း လေ့လာ သွားဦးမည်ဖြစ်ည်။ စုစုပေါင်း တစ်နှစ်မျှ အချိန်ကြာမည်ဆို ၀ါသီမာက ပြောပြခဲ့သည်။
“ကပ်ပလာ ဒေတာတွေအရ ခန့်မှန်းကြည့်မယ်ဆိုရင် ဂယ်လက်ဆီထဲမှာ ဂြိုလ် သန်းထောင်ပေါင်း ၅၀ လောက် ရှိနိုင်တာလေ” သူကဆို၏။
“ဒီ မြေကမ္ဘာနဲ့ ဆင်ဆင်တူတဲ့ ပထမဆုံး ဂြိုဟ်တွေကို လေ့လာနိုင်တာ အင်မတန်မှ စိတ်လှုပ်ရှားစရာ ကောင်းလှတယ်။” ရူပဗေဒပညာရှင် ထပ်လောင်း ပြောပြခဲ့သည်။
Source: မောက္ခ

0 comments:
Post a Comment