Powered by Blogger.
RSS

ဝင်ရိုးစွန်းပတ်လမ်းများ

မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်း ဒေသများကို cover ဖြစ်စေသော orbit အမျိုးအစားဖြစ်သည်။ geostationary orbit သည် တစ်ခုတည်းသာဖြစ်သည်။ theory အရ polar orbit သည် infinite ဖြစ်သည်။ Low earth orbiting satellite များကို LEOSATS ဟုခေါ်ကြသည်။ meteorology အတွက်အသုံးပြုသော satellite များကို sun synchronous orbit တွင်လွှတ်တင်ထားကြသည်။ ၄င်း orbit များတွင်လွှတ်တင်ထားသော satellite များသည် နေ့စဉ် အီကွေတာအား တူညီသော local time အပိုင်းအခြားတွင်ဖြတ်သန်းလေ့ရှိ သည်။ ဥပမာ - ၄-နာရီခြား တစ်ကြိမ်ဖြတ်သန်းသည် (13း0 PM., 5:30 PM., and 9:30 PM စသည်ဖြင့်) ထို့ကြောင့် same area အား နေ့အချိန်တစ်ခုတွင်ဖြတ်သန်းခြင်းဖြင့် ၄င်း area အားအချိန်မှန်မြင်တွေ့စေသည်။ orbital pass သည် direction ပေါ်မူတည်ပြီး ၂-မျိုးရှိသည်။ တောင်မှမြောက်သို့ ပတ်လျှင် ascending pass ဟုခေါ်ပြီး မြောက်မှတောင်သို့ ပတ်လျှင် descending pass ဟုခေါ်သည်။

Polar Orbit များသည် circular orbit များဖြစ်ကြသည်။ ကမ္ဘာ့ မြေမျက်နှာပြင်အထက် ၈၀၀ မှ ၉၀၀ ကီလိုမီတာအတွင်းတွင်ရှိကြသည်။ Polar Orbiting Satellite များသည် ultraviolet sensors များကိုတပ်ဆင်ထားပြီး အိုဇုန်းလွှာကိုလေ့လာကြသည်။ Polar Orbiting Satellite အများစုသည် ရာသီဥတုနှင့် ပတ်ဝန်းကျင်ကိုလေ့လာကြသည်။

ကယ်ဆယ်ရေးလုပ်ငန်းများအတွက်အသုံးဝင်သည်။ footprint ၏ အချင်းသည် ၆၀၀၀ ကီလိုမီတာ ခန့်ရှိသည်။ ၁၀၂ မိနစ်တွင် တစ်ကြိမ် ကမ္ဘာကိုတစ်ပတ်ပတ်သည်။ ကမ္ဘာသည် အနောက်မှအရှေ့ သို့ ၂၄-နာရီတွင်တစ်ကြိမ်ပတ်သဖြင့် polar orbiting satellite တစ်ခု၏ တစ်ပတ်နှင့်တစ်ပတ်သည် အနောက်ဘက်သို့ 25 degree ခန့်ရွေ့ သွားသည်။ထို့ကြောင့် တစ်ရက်တွင်ကမ္ဘာအား ၁၄-ပတ်ပတ်သည်။

Source: fwd

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...