Powered by Blogger.
RSS

Energia - ရုရှားအာကာသ အေဂျင်စီ

OAO Rocket and Space Corporation Energia

ယခင် S.P. Korolev ထိုမှ တစ်ဆင့် S.P. Korolev Rocket and Space Public Corporation Energia ယခုလက်ရှိ OAO Rocket and Space Corporation Energia သည် ရုရှားနိုင်ငံ၏ ဗျူဟာ မြောက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူလိုက်ပါသော အာကာသယာဉ်များ တည်ဆောက်ခြင်း တွင် ဦးဆောင်နေသော ကုမ္ပဏီတစ်ခု ဖြစ်သည်။ ယင်းအဖွဲ့အစည်းသည် အထူးသဖြင့် မြောက်များစွာ သော နေရာများတွင် အသုံးချနိုင်သော အာကာသနည်းပညာအသစ်များ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ပတ်လမ်းအတွင်း ၀င်ရောက်ခြင်းအတွက် လိုအပ်သော ဒုံးပျံစနစ်များ ဖွံ့ဖြိုး လာစေရန် အဓိကထား လုပ်ဆောင်နေသည်။

လက်ရှိအချိန်တွင် ဒုံးပျံနှင့် အာကာသ ၀န်ဆောင်မှုများအတွက် နိုင်ငံတကာဈေးကွက် ရရှိ လာစေရန် ပြုလုပ်နေသည်။ ယင်းအဖွဲ့အစည်းသည် အာကာသစက်မှု လုပ်ငန်းများနှင့် ထိတွေ့ဖူးခြင်း မရှိသည့် ကုန်ပစ္စည်းထုတ်လုပ်သူများကို အာကာသနည်းပညာများနှင့် မိတ်ဆက်ပေးရာတွင်လည်း ရှေ့ဆုံးမှ ဦးဆောင်နေသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ယင်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

· - Primary Design Bureau
· - Baikonur branch
· - ZAO Experimental Machine Building Plant, RSC Energia
· - ZAO Valzhskoye DB
· - ZAO PO Kosmos, RSC Energia

· - Developed Social Infrastructure

ယင်းအဖွဲ့အစည်း၏ ၃၈ ရာခိုင်နှုန်းကို ရုရှားအစိုးရမှ ပိုင်ဆိုင်သည်။

အဖွဲ့အစည်းမှတ်တမ်း

၁၉၉၄ ခုနှစ်တွင် လက်ရှိအမည်ကို ရရှိသည်။ ထိုမတိုင်ခင်က ယင်းအဖွဲ့အစည်းအား Special Design Bureau – 1 (OKB – 1), Central Design Bureau of Experimental Machine Building (TsKBEM), Scientific-Production Association (NPO) Energia ဟု ခေါ်သည်။

၂၀ ရာစု၏ ၁၉၄၀ ခုနှစ်နှင့် ၁၉၅၀ အစောပိုင်းနှစ်များတွင် အဖွဲ့အစည်းသည် ပဲ့ထိန်းစနစ် ပါဝင်သည့် ဒုံးပျံရှေ့ပြေး ပုံစံများကို တီထွင်ခဲ့သည်။ ယင်းဒုံးပျံများတွင် ဗျူဟာမြောက် ရွေ့လျား ပစ်စင်များမှ ပစ်လွှတ်နိုင်သော ဒုံးပျံများ၊ ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သော ဒုံးပျံများနှင့် ဗျူဟာ မြောက် တိုက်ချင်းပစ် သာမိုနျူကလီးယားလက်နက်များ အထိ ပါဝင်ခဲ့သည်။

အဖွဲ့အစည်းသည် ဗျူဟာမြောက်ဒုံးပျံ ၁၄ မျိုးကို ပြုလုပ်ခဲ့၍ ယင်းတို့ထဲမှ ၁၁ မျိုးကို အပြည့် အ၀ အသုံးချနိုင်ခဲ့သည်။ ထိုဒုံးပျံ ၁၁ ခုထဲ၌ high-temperature နှင့် lowtemperature liquid propellant အစိတ်အပိုင်းများပါဝင်သော liquid rocket နှင့် solid rocket တို့၏ ရှေ့ပြေးပုံစံများ ပါဝင်ခဲ့သည်။ ပထမဆုံး အာကာသသို့ လွှတ်တင်သော ဒုံးပျံဖြစ်သည့် R-7 သည် ယနေ့အချိန်ထိ တိုင်အောင် ကမ္ဘာ့ စိတ်အချရဆုံး ဒုံးပျံအဖြစ် ဆက်လက်တည်ရှိနေသည်။ ထိုစီမံကိန်းသည် နောက်ပိုင်းတွင် နိုင်ငံဒုံးပျံလက်နက် တပ်ဆင်ရေးကို အထောက်အပံ့ပေးခဲ့သည်။

ပထမဆုံးဂြိုဟ်တု (Sputnik – 1957) နှင့် ယင်းအား ပတ်လမ်းထဲသို့ ပို့ဆောင်ပေးခဲ့သည့် ပထမဦးဆုံး ဒုံးပျံ R-7 ၊ အာကာသထဲသို့ ပထမဦးဆုံးရောက်ရှိသည့် ယူရီဂါဂါရင် (၁၉၆၁) ၊ သောကြာဂြိုဟ်၊ အင်္ဂါဂြိုဟ်နှင့် လသို့ ပစ်လွှတ်သော ပိုင်အိုးနီးယား အာကာသယာဉ် (၁၉၅၉-၁၉၆၉) ၊ လပေါ်သို့ ဆင်းသက်နိုင်ခဲ့သော ပိုင်အိုးနီးယား လဆင်းယာဉ် (၁၉၆၀) စသည့် စီမံကိန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းစီမံကိန်းများကို National rocket-space system ၏ ဒီဇိုင်နာအကြီးအကဲဖြစ်သော S.P. Korolev ၏ ထူးချွန်ပြောင်မြောက်သော အကြံဥာဏ်များ၊ အစွမ်းအစများနှင့် ဖန်တီးကာ ပြီးမြောက်စေခဲ့ခြင်း ဖြစ်သည်။ S.P. Korolev သည် ပါရမီရှင် အင်ဂျင်နီယာနှင့် မန်နေဂျာဖြစ်ပြီး လက်တွေ့ကျသော အာကာသ လေ့လာရေးဆိုင်ရာ ပညာရပ်ကို စတင်ခဲ့သူ ဖြစ်သည်။

အဖွဲ့အစည်းသည် အောက်ပါဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ပြုလုပ်ခဲ့သည်။

- အာကာသသို့ ပထမဦးဆုံး ရောက်ရှိခဲ့သည့် ယူရီဂါဂါရင် ပါဝင်သော Vostok (၁၉၆၀-၁၉၆၃) ၊ အခြားလူလိုက်ပါသည့် အာကာသယာဉ်များဖြစ်သည့် Voskhod (၁၉၆၄-၁၉၆၈) ၊ Soyuz (၁၉၆၆-၁၉၈၁) ၊
- Soyuz T (၁၉၇၉-၁၉၈၆) ၊ Soyuz TM (၁၉၈၆-၂၀၀၂) ၊
- အာကာသကုန်ပစ္စည်းသယ်ယာဉ် Progress (၁၉၇၈-၁၉၈၉) ၊ Progress M (၁၉၈၉ မှ လက်ရှိ) ၊
- ပတ်လမ်းပေါ်၌ ရှိသည့် Salyut စခန်း (၁၉၇၁) ၊ Salyut-4 (၁၉၇၄-၁၉၇၇) ၊ Salyut-6 (၁၉၇၇-၁၉၈၂) ၊ Salyut-7 (၁၉၈၂-၁၉၉၁) နှင့် module အများအပြားပါဝင်သည့် Mir အာကာသစခန်း (၁၉၈၆-၂၀၀၁) ၊
- အာကာသနှင့် ကမ္ဘာမြေကို သုတေသနပြုလုပ်သည့် ပတ်လမ်းပေါ်မှ စောင့်ကြည့် လေ့လာ
သော Gamma အာကာသယာဉ် (၁၉၉၀-၁၉၉၂) ၊
- ကမ္ဘာ့မျက်နှာပြင်၏ ပုံရိပ်အပြည့်အစုံကို ရယူပေးခဲ့သော အာကာသယာဉ် Zenit (၁၉၆၂) ၊
- ဆက်သွယ်ရေးဂြိုဟ်တုများ၏ ရှေ့ဆောင်ဖြစ်ခဲ့သည့် Molina-1 (၁၉၆၅) ၊
- ကမ္ဘာ့အကြီးဆုံး လွှတ်တင်ရေးယာဉ်ဖြစ်သည့် Energia (၁၉၈၇) နှင့် ပြန်လည် အသုံးပြုနိုင် သော အာကာသယာဉ် Buran (၁၉၈၆) ၊
- ထို့ပြင် အခြားစီမံကိန်းများသည် ဒုံးပျံနှင့် အာကာသနည်းပညာစနစ်များကို ပိုမိုကောင်းမွန် အသုံးဝင်လာစေရန် ထောက်ပံ့ပေးခဲ့သည်။ ယင်းတို့မှာ လပေါ်သို့ လူသားများ သွားရောက် နိုင်ရန်အတွက် L1 နှင့် L3 စီမံကိန်များ ၊ Superheavy Launch Vehicle H1 ၊ multipurpose orbital complex နှင့် အင်္ဂါဂြိုဟ်ပေါ်၌ လူနေထိုင်ရန် စီမံကိန်များ ဖြစ်သည်။ အဖွဲ့အစည်း သည် နိုင်ငံတကာအာကာသ ပရိုဂရမ်များဖြစ်သည့် Soyuz-Apollo နှင့် Intekosmos စသည်တို့တွင် အဓိကနေရာမှ ပါဝင်ခဲ့သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...