Powered by Blogger.
RSS

DongFangHong 4 (DFH-4) (တရုတ်)


DFH-4 satellite bus သည် တရုတ်နိုင်ငံ ဆက်သွယ်ရေးဂြိုဟ်တုများ၏ တတိယမျိုးဆက်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ပထမဦးဆုံး Direct Broadcasting system ပါရှိသော bus အမျိုးအစားဖြစ်သည်။ DFH-4 satellite bus ၏ performance အား A2100AX ၊ LS 1300 နှင့် Spacebus 3000 တို့၏ performance နှင့် တူညီစေရန် ထုတ်လုပ်ထားသည်ဟု တရုတ်နိုင်ငံမှ ဖော်ပြထားသည်။ ယင်း bus ၏ အလေးချိန်မှာ ၅၂၀၀ ကီလိုဂရမ်ဖြစ်ပြီး payload ထည့်သွင်းနိုင်သော အလေးချိန်မှာ ၆၀၀ ကီလိုဂရမ်မှ ၈၀၀ ကီလိုဂရမ် အထိရှိသည်။ C/Ku/Ka/L band များကို အသုံးပြုနိုင်ပြီး သက်တမ်းမှာ ၁၅ နှစ်ဖြစ်သည်။ သက်တမ်းကုန်ဆုံးချိန် (End of Life-EOL) တွင် လျှပ်စစ်ပါဝါ ၁၀.၅ ကီလိုဝပ် ကို ထုတ်လုပ်နိုင်သည်။

အဆိုပါ DFH-4 satellite bus အား အသုံးပြုခဲ့သည့် ဆက်သွယ်ရေးဂြိုဟ်တုများမှာ အောက်ပါအတိုင်းဖြစ်သည်-

(၁) Sinosat-2 (တရုတ်နိုင်ငံမှ ပိုင်ဆိုင်သောဆက်သွယ်ရေးဂြိုဟ်တုဖြစ်ပြီး ၂၀၀၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် လွှတ်တင်ခဲ့သည်။)

(၂) Nigcomsat-1 (နိုင်ဂျီးရီးယားနိုင်ငံမှ ပိုင်ဆိုင်သောဆက်သွယ်ရေးဂြိုဟ်တုဖြစ်ပြီး ၂၀၀၇ ခုနှစ် မေလ ၁၄ ရက်နေ့တွင် လွှတ်တင်ခဲ့သည်။)

(၃) Venesat-1 (ဗင်နီဖွဲလားနိုင်ငံမှ ပိုင်ဆိုင်သောဆက်သွယ်ရေးဂြိုဟ်တုဖြစ်ပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တင်ခဲ့သည်။)

(၄) Sinosat-6 (တရုတ်နိုင်ငံမှ ပိုင်ဆိုင်သောဆက်သွယ်ရေးဂြိုဟ်တုဖြစ်ပြီး ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် လွှတ်တင်ခဲ့သည်။)

Sinosat-2 ဂြိုဟ်တုသည် solar array များဖြန့်ထုတ်ခြင်း မပြုနိုင်သောကြောင့် အလုံးစုံဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။ Nigcomsat-1 ဂြိုဟ်တုသည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ၌ solar array တွင် နည်းပညာဆိုင်ရာ မှားယွင်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည်။ အဆိုပါ ဂြိုဟ်တုသည် တရုတ်နိုင်ငံ၏ အာကာသကန်ထရိုက်တာများမှ ပြင်ပနိုင်ငံတစ်ခုအား ဂြိုဟ်တုဒီဇိုင်းပြုလုပ်ပေးခြင်း ၊ထုတ်လုပ်ပေးခြင်းနှု့် လွှတ်တင်ပေးခြင်း (Satellite/Launch package) တို့ကို ပထမဦးဆုံး ပြုလုပ်ပေးခဲ့သော ဂြိုဟ်တုဖြစ်ပြီး အဆိုပါသဘောတူညီမှု၏ တန်ဖိုးမှာ ဒေါ်လာ ၃၁၁ သန်းရှိသည်။ အဆိုပါ ဂြိုဟ်တုအား နိုင်ဂျီးရီးယားနိုင်ငံက telecommunications ၊ broadcasting ၊ broadband service များပြုလုပ်ရန်မှာယူခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် လက်ရှိတွင် DFH-4 satellite bus ကိုအသုံးပြုပြီး Paksat-1R ၊ Nigcomsat-1R နှင့် Laosat-1 ဂြိုဟ်တုတို့ကို တည်ဆောက် လျက် ရှိသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...